အချစ်သံစဉ် ချိုပေမဲ့ ဘ၀သံစဉ် နင်ခါးမှာစိုးလို့ပါ.
နင်ပြန်မလာတော့တဲ့ ဒီလမ်းမှာ နင်လာရာလမ်းငါမျှော်မှန်းနေမိတယ်.
နင်မကြားနိုင်မှန်းသိနေလည်း ငါပြောနေမိတယ်.
နင်မရှိတဲ့ ဒီနေရာကို ငါမုန်းတယ်.
အတူလျှောက်ခဲ့တဲ့လမ်းက ဆူးတွေများခဲ့ပေမဲ့ ငါ့ကိုမနာကျင်စေခဲ့ပါဘူးဟာ
နင်ချန်ထားခဲ့တဲ့ ကိုယ်ငွေ့လေးတွေက ငါ့ကိုအမြဲလန်းဆန်းစေခဲ့တယ်.
နင့်အတွက်ရယ်ရွယ်ထားတဲ့ ကဗျာတစ်ပုဒ် အဆုံးသတ်ဘို့မဖြစ်နိုင်တော့ဘူး.
ပိုင်ရှင်မရှိတဲ့ ကဗျာအတွက် ကဗျာတစ်ပုဒ်ဖြစ်မလာတာကောင်းပါတယ်.
နင်မသိနိုင်မှန်းသိရက်နဲ့ ငါ့သစ္စာငါပေးပါတယ်.
ပိုင်ဆိုင်ခွင့်မရနိုင်ပေမဲ့ ငါတန်ဘိုးထားနေဆဲပါ.
တစ်ဘ၀လုံးစာ ပေးခဲ့တဲ့ငါ့အချစ်တွေက.
နောက်လူဆိုတာ အတွက်မကျန်ခဲ့တော့ဘူး.
ငါ့အနားမှာမရှိတော့တဲ့ နင့်အတွက်.
ငါအမြဲပြောတဲ့စကား တစ်ခွန်း
နင်ယူသွားပါ တစ်သက်စာအတွက်.
"ဟန်နီ .. ငါနင့်ကို အရမ်းချစ်တယ်......."
3 comments:
သံစဉ်က ရေရေလည်လည် မြောက်တယ်.. ကိုညီညီရေ..
ရေးထားတာတော့ လန်းတယ် ...
တကယ်ရော ဟုတ်ရဲ့ မသိ ...
အဟိ . . . >>>
ချစ်ပါ ချစ်ပါ ..း))
Post a Comment