02 August, 2010

ကျောက်ပန်းတောင်းအသင်းဆိုတာ

မြတ်စွာဘုရားရှင်က ရဟန်းတော်များကို "ချစ်သားတို့ ဒါနရဲ့ အကျိုးကို ငါဘုရား သိသလိုသာ လူတွေသိကြမယ် ဆိုရင် စားမယ့်ဆဲဆဲ ထမင်းလုပ်ကိုတောင်မှ စွန့်ပြီးလှူကြလိမ့်မည်" ဟုဟောကြားတော် မူခဲ့ပါသည်။ မြန်မာနိုင်ငံ အနှံအပြားတွင် အများအကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများရှိပါသည်။ အချိန်ပိုင်း ဆောင်ရွက် နေသူများရှိသလို အချိန်ပြည့် ဆောင်ရွက်နေသူများလည်း ရှိပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်မှု့သည် လူ့အရည်သွေးတစ်ခုဖြစ်ရာ ဤသို့သော သူများကြောင့်လည်း ကမ္ဘာလောကကြီး ပိုမိုလှပသာယာနေခြင်းဖြစ်၏။

အဝေးရောက် ကျောက်ပန်းတောင်းအသင်းသည် စနစ်တကျဖွဲ့စည်းထားသောအဖွဲ့မဟုတ်စေကာမူ ညီညွတ်၏၊ စည်းလုံး၏၊ တစ်ဦးကိုတစ်ဦးလေးစား၏၊ ချစ်ခင်ကြင်နာ၏၊ အနစ်နာခံတတ်ကြ၏။ ထိုစိတ်ထားများ သည် ကျွန်တော်တို့ ကျောက်ပန်းတောင်းသူ/သား များ၏ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပေးသော အဖိုးတန်ဆုံးသော စိတ်ဓါတ်များလည်း ဖြစ်ပါသည်။

ကျွန်တော်တို့သည် ကယ်တင်ရှင်များမဟုတ်ပါ။ အခြေအနေ ပေးသမျှနှင့် မြန်မာပြည်တွင် မပြည့်စုံရှာသော သားချင်းများကို ကျွန်တော်တို့တတ်နိုင်သလောက် ဖြည့်စွမ်းပေးနေခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် တွေကို ပြောပြတဲ့အခါ တစ်ချို့က ဆင်းရဲတာ တစ်နိုင်ငံလုံး နည်းပါးဖြစ်နေတယ် ဘယ်ဖြစ်နိုင်မလဲ ဆိုသော အပြုသဘော မဆောင်သည့် ဝေဖန်စကားများ ပြောလာကြပါသည်။ ဆရာဖေမြင့်ဘာသာပြန်ထားသော နှလုံးသားအဟာရ ရသစာများထဲကလို တခြားသူတွေအတွက် မထူးချင်နေရမည် ကျွန်တော်တို့လှူလိုက်သော နေရာအတွက် အကျိုးကျေးဇူး ထူးသွားမည့်သာဖြစ်ပါသည်။
ယ္ခုဆိုလျှင် လိုအပ်နေသည့် နေရာများထဲမှ ၁လ(သို့)၂လ တစ်ခါလောက်တော့ တစ်နေရာရာတွင် ကျွန်တော်တို့ရဲ့ စည်းလုံးခြင်း အင်းအားများ၊ သဒ္ဓါတရားအင်းအားများကြောင့် အကျိုးထူးမည်ဖြစ်ပါသည်။ ဤသို့ဆိုလျှင် အဘယ်မျှ ကြည်နူးသာဓု ခေါ်ဘို့ကောင်းလိုက်ပါသနည်း။ စဉ်းစားကြည့်ယုံဖြင့် ပီတိများစွာ ဖြစ်ရပါသည်။

ယ္ခုလိုအကျိုးကျေးဇူးရရှိခံစားသွားမည့်သူများသည် ကျွန်တော်တို့၏ သွေးသားချင်းများ မြန်မာပြည်သူ/ သားများဖြစ်ကြပါသည်။ (မြန်မာဆိုသည်မှာ မြန်မာပြည်ရှိ လူမျိုးအားလုံးကို ကိုယ်စားပြု ခြင်းဖြစ်ပါသည်)

ကျွန်တော်တို့၏ ဘာမှမ ပြောပလောက်သော ဆောင်ရွက်ချက် ကလေးများသည် လိုအပ်နေသည့် နေရာများအတွက်တော့ အင်မတန်မှ အဖိုးထိုက်တန်သောအရာများပင်ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ထိုသူတို့အဖို့ မရှိမဖြစ်လိုအပ်နေသော အရာများသည် ကျွန်တော်တို့အတွက် ပြောပလောက်သော ပမာဏ မဟုတ်သောကြောင့်ဖြစ်ပါသည်။

လူတိုင်းလူတိုင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးနေကြသည်ဖြစ်ရာ ကုန်ဆုံးသွားခဲ့သော မိမိတို့ ဘ၀တွင် ငါအများအကျိုးအတွက်၊ ပရဟိတ အတွက် မည်မျှလုပ်ဆောင် ခဲ့ဖူးသလဲ၊ ကိုယ်ကျိုးမသယ် အမြတ်အစွန်း မထွက်မဲ့ ပရဟိတ ကိုစေတနာပါပါဖြင့် ဘယ်လောက်များ စွမ်းဆောင်ခဲ့ဘူးသလဲ ကိုယ့်ကိုယ် ကိုမေးမြန်း ခဲ့ဘူးပါသလား?။ ဟိုးငယ်စဉ်ဘ၀ က ကျောင်းက ဆရာ/မ များက သင်းပေးသော "ကောင်းမှု့တစ်ခု နေ့စဉ်ပြု" ဆိုတာတွေဘယ်မှာ ကျပျောက်ခဲ့ကြပြီလဲ။

ကျွန်တော်တို့သိထားတဲ့ ကိုယ်ကျိုးမဖက်၊ အများအကျိုးကိုသာ ဆောင်ရွက်နေသူတွေများစွာရှိပါသည်။ ကျွန်တော်တို့သူတို့လောက် မလုပ်ဆောင်နိုင်သေးပါ။ ကိုယ့်အကျိုးမဖက် များအကျိုးကို မလုပ်ဆောင်နိုင် သည့်တိုင် ကိုယ့်အကျိုးစီးပွါးကို လုပ်နေရင်း အချိန်အနည်းငယ်လောက်၊ ငွေကြေးအနည်းငယ်လောက်နှင့် လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။

အဝေးရောက် ကျောက်ပန်းတောင်းအသင်းသို့ ပြည်တွင်းပြည်ပ မှ မည်သူမဆို အသင်းဝင် နိုင်ပါသည်။ အသင်းဝင် မဖြစ်စေကာမူ လှူဒါန်းလိုသူတိုင်း ဆက်သွယ်လှူဒါန်း နိုင်ပါသည်။ အလှူငွေရရှိမှု့ အပေါ်မူတည်၍ ၁လ (၁) ကြိမ် (သို့) ၂လ (၁) ကြိမ် အလိုအပ်ဆုံးနေရာ သို့ လှူဒါန်းသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလှူငွေရရှိမှု့မှာလည်း အရေးကြီးလှပါသည်။ ယ္ခု စကာပူတွင် ပင် ကျောက်ပန်းတောင်းသူ/သားများ ခန့်မှန်းခြေအယောက် (၇၀) ခန့်ရှိပါသည်။ နာမည် အတိအကျ နှင့် သိရှိရသူပင် အယောက် (၅၀) ၀န်းကျင် တွင် ရှိပါသည်။ တစ်ယောက်ဆီမှ အလှူငွေ တစ်လ (၁၀) သာ လှူနိုင်လျှင်ပင် တစ်လ လျှင် S$(700) ခန့်ရရှိနိုင်ပါသည်။ ထို့ကြောင့် မိမိ ကိုယ်စီ အတွက် မပြောပလောက်သော ပမာဏလေးများ အမြောက်အများ စုပေးနိုင်လျှင် တစ်ကယ် လိုအပ်နေသော ကိုယ့်မွေးရပ်မြေမှ သွေးချင်းများအတွက် လိုအပ်နေသော ကွပ်လပ်လေးများအား ကူညီဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။

ယ္ခုလက်ရှိတွင် ကျောက်ပန်းတောင်းအသင်းသား ဦးရေ (၃၅) ဦးရှိပါသည်။
အသင်းဝင် မဖြစ်သေးသော သူများလည်းရှိနေသေးပါသည်။ တစ်ချို့လည်း အသင်းအား မသိသေးသော သူများလည်း ရှိနေပါသေးသည်။ ထိုသူများအား လည်း အသင်းတည်ရှိနေခြင်းအား သိရှိစေရန်နှင့် အသင်းဝင် ဖြစ်လိုသူများ အသင်ဝင်နိုင်ရန် ရည်ရွယ်၍ ဤစာအား ရေးသားခြင်းဖြစ်ပါသည်။

ဤစာအား forward ပြုလုပ်ပေးခြင်း၊ အသိပေးပြောကြားခြင်းများဖြင့် အသင်းအား ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသင်း ရေရည်တည်တံ့ရေးအတွက် အသင်းအတွက် လုပ်ဆောင်ရန်လိုအပ်နေသော နေရာများတွင် တတ်နိုင် သလောက် ကူညီလုပ်ဆောင်ပေးမည့် အသင်းသူ/သားများလည်း အမှန်တစ်ကယ် လိုအပ် နေပါသေးသည်။ သို့ဖြစ်ပါ၍ အသင်းအတွက် ကူညီဆောင်ရွက်လိုသူများလည်း ဆက်သွယ် ၍ မိမိ တတ်နိုင်သည့်ဘက်မှ ပါဝင် ကူညီအားဖြည့်ပေးကြရန် မေတ္တာ ရပ်ခံနှိုးဆော်အပ်ပါသည်။

နှမ်းတစ်စေ့ နှင့် ဆီမဖြစ်သော်ငြားလည်း နှမ်းအစေ့ပေါင်း များစွာ စုစည်းခြင်းအားဖြင့် ကျွန်တော်တို့၏ ရည်ရွယ်ချက်တိုင်း အောင်မြင်စွာ လှူဒါန်းနိုင်ရန် မိမိ တို့တတ်နိုင်သည့် ဘက်မှ မိမိတို့တတ်နိုင်သည့် ပမာဏ လေးများ ပါဝင် ကူညီကြစေလိုပါသည်။ ကျွန်တော်တို့ကျောက်ပန်းတောင်းအသင်းသည် ကိုယ့်မွေးရပ်မြေ ဖြစ်သော ကျောက်ပန်းတောင်းဒေသ အတွက် လုပ်ဆောင်နေခြင်းသည် ပုဂ္ဂိုလ် စွဲ အားဖြင့် လုပ်ဆောင်နေခြင်း မဟုတ်ပါ။ လက်ရှိအခြေနေအရ မိမိတို့တတ်နိုင်သည့် နိုင်ရာဝန် ထမ်းနေခြင်းသာဖြစ်ပါသည်။ အမှန်တစ်ကယ် လိုအပ်နေသော မြန်မာပြည်တွင်းရှိ နေရာဒေသ တိုင်းအားလှူဒါန်းချင် ကြပါသည်။ အသင်း၏ တိုးတတ် အောင်မြင်လာမှု့အပေါ်မူတည်၍ အခြားသော မြည်မာပြည် နေရာအနှံ့တွင်လည်း လှူဒါန်းသွားရန် ရည်ရွယ်ချက်ရှိပါကြောင်း အသိပေးပြောကြားအပ်ပါသည်။

လေးစားစွာဖြင့်
အဝေးရောက် ကျောက်ပန်းတောင်းအသင်း
0 comments

 P.S
ကျောက်ပန်းတောင်းအသင်း မှ ကူးယူ ဖေါ်ပြပါသည်။

လေးစားစွာဖြင့်

ညီညီ(အနာဂါတ်သံစဉ်) 

01 January, 2010

လွတ်လပ်သောနိဗ္ဗာန်





စိတ်က မကြောက်ဘဲ ခေါင်းကိုမတ်စွာ ထားနိုင်သော အရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုံနံရံများဖြင့် တောက်စိတ်ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊

စကားသည် နက်ရှိုင်းသောသစ္စာတွင်းမှလာသော အရပ်၌လည်းကောင်း၊

မနားမနေသော အားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသောအရပ်၌လည်းကောင်း၊

ဆင်ခြင်မှု ချောင်းရေသန့်သည်၊ အကျင့်ဆွေးသဲကန္တာရတွင် ခရီးလမ်းစ မပျောက်ရာ၌လည်းကောင်း၊

စိတ်ကို အစဉ်ပြန့်ပြူးသော တွေးဆပြုလုပ်မှုတို့သို့ အရှင် ... ရှေ့ဆောင်ရာ၌လည်းကောင်း၊

ထိုလွတ်လပ်သောနိဗ္ဗာန်၌ တပည့်တော်၏တိုင်းပြည်သည် နိုးကြားနိုင်ပါစေ အရှင်ဘုရား။

(ရာဝိန္ဒြာ နတ်တဂိုး ဂီတဉ္စလီ အမှတ် (၃၅) မှ)


P.S >>>

 ဤကဗျာအား http://fine-leaves.blogspot.com/  မှတဆင့်ကူးယူဖေါ်ပြပါသည်။
 ကျွန်တော့် ဘလော့ဂ် ရဲ့ 2010 ပထမဆုံး ပိုစ့် အဖြစ် ဤကဗျာနှင့်အတူ နှစ်သစ်မှာ
 ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း၊ တောက်ပခြင်း၊ အောင်မြင်ခြင်း၊ ကျန်းမာခြင်း အလုံးစုံသော လိုအင်များ         ပြည့်စုံကြပါစေ။ 

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

 3:00 AM
01/01/2010



29 December, 2009

မှားသလားမှန်သလား...




ကျွန်တော် လူဖြစ်တာသာကြာလာလေ လူအဖြစ်နှေးတဲ့ကောင်ပါ.။
ဘယ်အရာမဆို ကန့်လန့်တိုက်သည်။  
ကိုယ်မှန်တယ်ထင်လျှင် လုံးဝမဖြေရှင်းတတ်ပါ
စကား များများမပြောသလို ပြောလျှင်ပြောသလိုလုပ်တတ်ပါသည်။
မပေးနိုင်သော ကတိ ကို လုံးဝမပေးတတ်သလို ဟန်ဆောင် စွာလည်းမပြုံးတတ်သေးပါ။
လူမှု့ဆက်ဆံရေး တွင် သုံည အောက်က အနှုတ် ပါ။
အပေါင်းအသင်း လည်း နည်းသလို မပေါင်းချင်လျှင် လုံးဝမပေါင်းတတ်ပါ
ကိုယ်ခင်လျှင် သူခင်ချင်သည် မခင်ချင်သည် ဂရုမစိုက် အတင်းလိုက်ခင်တတ်သည်။ ကိုယ်ချစ်လျှင် အနွံတာခံသည်။
ကိုယ်မုန်းလျှင် အသံကြားတောင် ရွံမုန်းမုန်းသည်။
သူများ မျက်နှာသစ်မသစ် ကျွန်တော် ဂရုမစိုက်တတ် ကိုယ့်မျက်နှာ ကိုယ်သစ်သည်။ 
ကိုယ်လုပ်ချင်တာလုပ်သည် ကိုယ်ဖြစ်ကိုယ်ခံသည်။ 
 ကိုယ့်အကြောင်း အမွှန်းတင်ခြင်း အလုပ် အမုန်းဆုံး အလုပ်ဖြစ်သည်။ 
သူများအကြောင်း သိပ်မပြောတတ်မကြိုက်လျှင် တည့်ပြောသည်။ 
နောက်ကွယ်တွင် အတင်းပြောခြင်း ကို အသေအလဲ ရွံမုန်းသည်။ 
"ကျွန်တော့်ချစ်သူကို အသက်ထက် ပိုချစ်သည်။"
"ကျွန်တော့်သူငယ်ချင်းများအပေါ် လိုတာထက်ပို ခင်တွယ်မိသည်။"
"ခွဲခြားဆက်ဆံခြင်းကို အရမ်းမုန်းသည်။"
မပေါင်းခြင်လျှင် ပွင့်လင်းစွာပြောနိုင်သည်။ 


မကျေနပ်မှု့များ အမြင်မကြည်လင်သည်ရှိပါက
hellonyinyi@gmail.com သို့ တိုက်ရိုက်ပြောဆိုနိုင်သည်။  



ဤပိုစ့်အတွက် စာကြွင်းမရှိ...........။ 
ယခုပိုစ့်ရေးချိန်တွင် အပူချိန် 102 .... ဆေးခွင့်နှစ်ရက်ယူထားသည်။ 


19 December, 2009

HIV ကူးစက်ခံရသော ကလေးငယ်များ

အနှိုင်းမဲ့ ကျေးဇူးရှင်
ဤမွေးသမိခင် ဤဖခင်တို့
ပေးအပ်နှင်းသော အသက် "နှင်း" လေး
နေမထွက်ခင် ပျယ်လုပြီ။
အတိတ်ကံတွေ ဆိုးခဲ့ပေတဲ့
သူတို့လေးတွေ
လောကဆိုတာ "လော" သလား "က" သလား
မသိခင်မှာ
အိမ်မက်တွေကျပျောက်
စိတ်ကူးတွေ နွံနစ်ခဲ့ပြီ။
အတောင်မစုံခင် ကောင်းကင်ပျောက်ရလေတယ်.
မဖူးသေးခင် ကြွေရတော့မယ် ပန်းကလေးရယ်.
ဖေါက်ဖတ်ခွင့်မရတဲ့ ကံကြမ္မာကို အပြစ်တင်ရမလား?
လေတိုက်တိုင်း ခြစားနေတဲ့ လူတွေကိုပဲ အပြစ်တင်ရမလား?
ဖြစ်ပျက်တရား ရှု ချင်ငြားလည်း
"ဖြစ်" သဘော မကြာ "ပျက်" သဘောရောက်
ဤမျက်မှောက်တွင် သူတို့ဘ၀လေးအေးချမ်းပါစေ...။







HIV ကူးစက်ခံရသော ကလေးငယ်များအတွက် ရည်ရွယ်ပါသည်။



10 December, 2009

***အမှောင်ညရဲ့ ပျောက်ဆုံးကြယ်စင်***

အစိမ်းသက်သက် အိမ်မက်ဆိုးည.
ဖရိုဖရဲ အခန်းကျဉ်းထဲ.
ဟိုဒီပြန့်ကြဲ အလွမ်းစိတ်တွေ.
သန်းခေါင်ယံရဲ့ စီးကရက်.
ခါးသက်သက် ၀ိုင်နီ.
တစ်ဖက်ဖွင့် ပြတင်းတံခါး.
ကြိုးပြတ်နေတဲ့ ဂစ်တာအို.
သံစဉ်မဲ့ တေးသွားတစ်ပုဒ်.
ကြေမွနေတဲ့ ဒိုင်ယာရီ.
သခင်မဲ့ ကဗျာတစ်ရွက်.
ခမ်းခြောက်လုလု ကလောင် တစ်ချောင်း.
ခပ်ပြင်းပြင်း အသက်ရှုသံ.
ကျလုဆဲဆဲ မျက်ရည်တစ်စက်.
အိမ်မက်ဆိုးနဲ့ အလွမ်းညရှည်.
လင်းလှည့်စမ်းပါ ရောင်နီဦး။

                                                      ညီညီ(အနာဂါတ်သံစဉ်)

P.S - အမှန်တော့ ကျွန်တော့် လိပ်စာ အသစ်ပြောင်းပီးမှ ပိုစ့်အသစ်တွေ တင်မလို့ပါ.။ သို့သော် အိမ်အသစ်အား ပြင်ဆင်၍ မပြီးစီးနိုင်ဖြစ်နေသောကြောင့် မအောင့်နိုင်ပဲ တင်လိုက်ခြင်းဖြစ်ပါသည်.။
လာရောက်အားပေးကြသော မိတ်ဆွေများအားလုံး ကျေးဇူးတင်ရှိပါသည်။


21 November, 2009

ဝီစကီ သားချော့တေး...




သူ့ရင်ခွင်ကို စုံကန်ပြီး သူမအဝေးကိုထွက်သွားခဲ့တယ်.
သန်းခေါင်ယံညရဲ့ လောင်မြိုက်နေတဲ့ ဆေးလိပ်တိုလေးလိုပေါ့.
သူမဟာ သူ့ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ပေးခဲ့တယ်.
သူ့ဘ၀ တစ်လျှောက်လုံး သူမကိုမေ့ဖျောက်ဘို့ ကြိုးစားခဲ့တယ်..
ဝီစကီသာ သူ့အတွက် အဖေါ်မွန်အဖြစ်နဲ့ သူမကို မေ့ဖျောက်စေခဲ့တယ်.
တဖြေးဖြေးချင်းစီ သောက်ရင်း သူမကို သူ့ရင်ထဲက တစ်စချင်းစီထုတ်ယူနေခဲ့တယ်.
သူမကို သိတဲ့ အသိစိတ်လေးပျောက်ကွယ်သွားတဲ့ အထိဆက်သောက်ရင်း
နောက်ဆုံးမှာ ၀ီစကီက သူမနဲ့ပါတ်သတ်ခဲ့သမျှ မေ့သွားစေခဲ့တယ်..

ဘ၀ဆိုတာ တိုတိုလေးပါပဲ. ဒါပေမဲ့ သူ့အတွက်တော့ ဒီအချိန်တွေက အရမ်းကြာရှည်လွန်းနေလေရဲ့.
သူမကိုမေ့ဖျောက်နိုင်ဘို့ သူအချိန်တိုင်းမူးလို့နေရတယ်.။

သူ့ကိုကျွန်တော်တို့ ပြန်တွေ့ရချိန်မှာတော့
သူ့ခေါင်းအုံးပေါ်မျက်နှာအပ်ထားရင်း.
သူမကို သူ့သက်ဆုံးတိုင်ချစ်ပါတယ်လို့ ရေရွတ်နေတယ်.
သူ့ရဲ့နောက်ဆုံး ထွက်သက်လေးပျောက်ပျယ်သွားတဲ့အထိပေါ့.။

ကျွန်တော်တို့ သူ့ကို သစ်ပင်ကြီးတစ်ပင်အောက်မှာ ထာဝရ အိပ်စက်ခွင့်ပေးလိုက်ချိန်မှာ
နတ်သမီးတွေဟာ သူ့အတွက် ၀ီစကီ သားချော့တေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြတယ်.။

ပြောစမှတ်လေးကျန်ရစ်ခဲ့တယ်.
ဒါပေမဲ့ သူမ ကိုယ်တိုင် ဘယ်လောက် နာကြင် ယူကြုံးမရဖြစ်နေတာ ဘယ်သူမှ မသိကြဘူး.။
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားတယ်.
ဝီစကီ ကိုသူမ အဖေါ်ပြုရင်းနဲ့ပေါ့.
နာကျင်မှု့တွေ တငွေ့ငွေ့နဲ့ပျောက်ကွယ်သွားအောင် ၀ီစကီလေးနဲ့ အဖေါ်ပြုနေခဲ့တယ်.။
နောက်ဆုံးမှာ သူ့ရဲ့ ပုံရိပ်လေးပျယ်လွင့်သွားခဲ့ပြီး သူမဘာမှမသိလိုက်တော့ဘူး.။
သူ့ရဲ့ဓါတ်ပုံလေးကို ဆုပ်ကိုင်ရင်း လောကကြီးထဲက ထွက်သွားခဲ့တယ်။

ကျွန်တော်တို့ဟာ သူမကို သူ့ရဲ့ဘေးမှာ ထာဝရအိပ်စက်စေခဲ့တယ်.
တစ်ချိန်တည်းမှာ နတ်သမီးလေးတွေဟာ သူမအတွက်.
ဝီစကီ သားချော့တေးလေးတစ်ပုဒ်ကို ဆိုညဉ်းပေးကြလေရဲ့...။



P.S >>ကျွန်တော်ဒီသီချင်းကို နားထောင်ရင်း နဲ့ ခံစားမိတာလေး တစ်ချို့ရှိတယ်.။ အဲဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ပေးနားထောင်တော့ သူလည်းကြိုက်တယ်တဲ့..။ အခုမြန်မာလိုပြန်ထားတာက သူနဲ့ ကျွန်တော်နှစ်ယောက် ဘာသာပြန်ထားတာပါ.။ မှားယွင်းမှု့ တစ်စုံတစ်ရာ ရှိခဲ့ရင် ကျွန်တော်တို့၏ ညံ့ဖျင်းမှု့သာလျှင်ဖြစ်ပါသည်။