01 January, 2010

လွတ်လပ်သောနိဗ္ဗာန်





စိတ်က မကြောက်ဘဲ ခေါင်းကိုမတ်စွာ ထားနိုင်သော အရပ်၌လည်းကောင်း၊

ပညာသည် လွတ်လပ်ရာ၌လည်းကောင်း၊

ကမ္ဘာကို ကျဉ်းမြောင်းသော လူမျိုးစုံနံရံများဖြင့် တောက်စိတ်ပိုင်းခြားမှု မရှိရာ၌ လည်းကောင်း၊

စကားသည် နက်ရှိုင်းသောသစ္စာတွင်းမှလာသော အရပ်၌လည်းကောင်း၊

မနားမနေသော အားထုတ်မှုသည် နိဗ္ဗာန်သို့ လက်လှမ်းသောအရပ်၌လည်းကောင်း၊

ဆင်ခြင်မှု ချောင်းရေသန့်သည်၊ အကျင့်ဆွေးသဲကန္တာရတွင် ခရီးလမ်းစ မပျောက်ရာ၌လည်းကောင်း၊

စိတ်ကို အစဉ်ပြန့်ပြူးသော တွေးဆပြုလုပ်မှုတို့သို့ အရှင် ... ရှေ့ဆောင်ရာ၌လည်းကောင်း၊

ထိုလွတ်လပ်သောနိဗ္ဗာန်၌ တပည့်တော်၏တိုင်းပြည်သည် နိုးကြားနိုင်ပါစေ အရှင်ဘုရား။

(ရာဝိန္ဒြာ နတ်တဂိုး ဂီတဉ္စလီ အမှတ် (၃၅) မှ)


P.S >>>

 ဤကဗျာအား http://fine-leaves.blogspot.com/  မှတဆင့်ကူးယူဖေါ်ပြပါသည်။
 ကျွန်တော့် ဘလော့ဂ် ရဲ့ 2010 ပထမဆုံး ပိုစ့် အဖြစ် ဤကဗျာနှင့်အတူ နှစ်သစ်မှာ
 ပျော်ရွှင်ခြင်း၊ လွတ်လပ်ခြင်း၊ တောက်ပခြင်း၊ အောင်မြင်ခြင်း၊ ကျန်းမာခြင်း အလုံးစုံသော လိုအင်များ         ပြည့်စုံကြပါစေ။ 

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

 3:00 AM
01/01/2010



5 comments:

ဆောင်းနှင်းရွက် said...

happy new year ....!

မြစ်ကျိုးအင်း said...

ဒီကဗျာ အခုမှပဲ ဖတ်ဖူးတာပါဗျာ
ထိုလွတ်လပ်သောနိဗ္ဗာန်၌ တပည့်တော်၏တိုင်းပြည်သည် နိုးကြားနိုင်ပါစေ အရှင်ဘုရား။

သိပ်ကောင်းတဲ့စာသားလေးပါပဲဗျာ

မြစ်ကျိုးအင်း said...

၂၀၁၀မှာ အဆင်ပြေပျော်ရွှင်ပါစေဗျာ

~ဏီလင်းညို~ said...

ညီညီရေ...
ကဗျာလေးဖတ်ရတာ ကျေးဇူးးးဗျာ...
အစ်ကိုလည်း အဲ့ဒီစာရေးဆရာကြီးရဲ့ စာတွေကို ကြိုက်ခဲ့တာ....။
နှစ်သစ်မှာ အောင်မြင် ပျော်ရွှင်နိုင်ပါစေနော့....။
ခင်မင်တဲ့
ဏီလင်းညို

ahphyulay said...

အင်း... ရသ သိပ်မြောက် တဲ့  ကဗျာလေးပါပဲ။
ကျေးဇူး အထူးတင်ပါတယ်လို့ .။ ကဗျာလေးအတွက်..။