Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

21 September, 2009

"မောင့်ချစ်သူ"

အပြုံးတစ်ပွင့် ပန်းတစ်ပွင့်အလား
တုနှိုင်းမမှီ နတ်ပန်းချီရှုံး
ကြည်စမ်းရေပမာ သူ့တစ်မျက်နှာ
ယဉ်ကာတစ်ကိုယ် နတ်မိပျိုလား ထင်မှားလောက်သူ
မောင့်ချစ်သူ။

နှစ်လိုဖွယ်စကား ဆင်သူ့နားမှာ
သကာချိုစိမ့် တသိမ့်သိမ့်ပြုံး
ကြည်ရွှင်နှလုံး ရွှင်ပြုံးစေသူ
မောင့်ချစ်သူ။

အရိပ်လိုကြည့် အလိုက်ကိုသိ
ငါ၏စိတ်တွင်း ထိုးထွင်သိမှု့
တစ်ယောက်တည်းသူ
မောင့်ချစ်သူ။


အမှားတွေ့လျှင် အမှန်ကိုပြင်
အမှောင်ထုကြား အလင်းကိုပြ
 မိခင်အလား ယုယတတ်သူ
မောင့်ချစ်သူ။