အနှိုင်းမဲ့ ကျေးဇူးရှင်
ဤမွေးသမိခင် ဤဖခင်တို့
ပေးအပ်နှင်းသော အသက် "နှင်း" လေး
နေမထွက်ခင် ပျယ်လုပြီ။
အတိတ်ကံတွေ ဆိုးခဲ့ပေတဲ့
သူတို့လေးတွေ
လောကဆိုတာ "လော" သလား "က" သလား
မသိခင်မှာ
အိမ်မက်တွေကျပျောက်
စိတ်ကူးတွေ နွံနစ်ခဲ့ပြီ။
အတောင်မစုံခင် ကောင်းကင်ပျောက်ရလေတယ်.
မဖူးသေးခင် ကြွေရတော့မယ် ပန်းကလေးရယ်.
ဖေါက်ဖတ်ခွင့်မရတဲ့ ကံကြမ္မာကို အပြစ်တင်ရမလား?
လေတိုက်တိုင်း ခြစားနေတဲ့ လူတွေကိုပဲ အပြစ်တင်ရမလား?
ဖြစ်ပျက်တရား ရှု ချင်ငြားလည်း
"ဖြစ်" သဘော မကြာ "ပျက်" သဘောရောက်
ဤမျက်မှောက်တွင် သူတို့ဘ၀လေးအေးချမ်းပါစေ...။
ဤမွေးသမိခင် ဤဖခင်တို့
ပေးအပ်နှင်းသော အသက် "နှင်း" လေး
နေမထွက်ခင် ပျယ်လုပြီ။
အတိတ်ကံတွေ ဆိုးခဲ့ပေတဲ့
သူတို့လေးတွေ
လောကဆိုတာ "လော" သလား "က" သလား
မသိခင်မှာ
အိမ်မက်တွေကျပျောက်
စိတ်ကူးတွေ နွံနစ်ခဲ့ပြီ။
အတောင်မစုံခင် ကောင်းကင်ပျောက်ရလေတယ်.
မဖူးသေးခင် ကြွေရတော့မယ် ပန်းကလေးရယ်.
ဖေါက်ဖတ်ခွင့်မရတဲ့ ကံကြမ္မာကို အပြစ်တင်ရမလား?
လေတိုက်တိုင်း ခြစားနေတဲ့ လူတွေကိုပဲ အပြစ်တင်ရမလား?
ဖြစ်ပျက်တရား ရှု ချင်ငြားလည်း
"ဖြစ်" သဘော မကြာ "ပျက်" သဘောရောက်
ဤမျက်မှောက်တွင် သူတို့ဘ၀လေးအေးချမ်းပါစေ...။
HIV ကူးစက်ခံရသော ကလေးငယ်များအတွက် ရည်ရွယ်ပါသည်။
9 comments:
သနားစရာဘ၀လေးတွေပါကွာ.. ကလေးတွေမှာ အပြစ်မရှိဘူး...း(((
ခင်တဲ့
ဂျပန်ကောင်လေး
ဟာ အကိုရမိုက်တယ်... ဘဝမှာ လောလောပြီး ကနေကြလို့ များ ကမောက်ကမ ဖြစ်နေကြတာလား မသိဘူးနော်...
ဖြစ်မယ် ပျက်မယ် သဘာဝလို့ပဲမှတ်ရတော့မှာပေါ့။
ဘုရားဟောတဲ့ ကံ ကံအကျိုးပေးလို့ပဲပြောရမှာပေါ့။
ကိုရီနို
စိတ်မကောင်းစရာပါ ညီညီရေ...
သူတို့လေးတွေ ကျန်ရှိနေတဲ့ အချိန်တိုတိုလေးမှာ
ပျော်ရွှင်စွာနဲ့ ကလေးဘ၀လေးကို ရကြပါစေလို့ ဆုတောင်းပါတယ်...
ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင်
စိတ်မကောင်းဖြစ်မိပါတယ် ..
ကဗျာလေးကတကယ် ခံစားရပါတယ်။ ဒီဝဋ်ကြွေးတွေက လွတ်ကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။
သူတို့လေးတွေကို သနားမိပါတယ်
အကြင်နာတရားတွေရကြပါစေ
စိတ်၏ကျန်းမာခြင်းနဲ့ အ တူ ပျော်ရွှင် နိုင်ပါ စေလို့ဆုတောင်းပေးပါတယ်၊၊
အဲဒီသတင်းလေးတွေမြင်တိုင်း စိတ်မကောင်းဘူး..။ တတ်နိုင်သလောက် သူတို့လေးတွေရဲ့ စိတ်ကို နားလည်နိုင်ဖို့၊ ဖေးမနိုင်ဖို့ ကြိုးစားရမယ်..
Post a Comment