29 December, 2009
မှားသလားမှန်သလား...
ကျွန်တော် လူဖြစ်တာသာကြာလာလေ လူအဖြစ်နှေးတဲ့ကောင်ပါ.။
ဘယ်အရာမဆို ကန့်လန့်တိုက်သည်။
ကိုယ်မှန်တယ်ထင်လျှင် လုံးဝမဖြေရှင်းတတ်ပါ။
စကား များများမပြောသလို ပြောလျှင်ပြောသလိုလုပ်တတ်ပါသည်။
မပေးနိုင်သော ကတိ ကို လုံးဝမပေးတတ်သလို ဟန်ဆောင် စွာလည်းမပြုံးတတ်သေးပါ။
လူမှု့ဆက်ဆံရေး တွင် သုံည အောက်က အနှုတ် ပါ။
အပေါင်းအသင်း လည်း နည်းသလို မပေါင်းချင်လျှင် လုံးဝမပေါင်းတတ်ပါ။
ကိုယ်ခင်လျှင် သူခင်ချင်သည် မခင်ချင်သည် ဂရုမစိုက် အတင်းလိုက်ခင်တတ်သည်။ ကိုယ်ချစ်လျှင် အနွံတာခံသည်။
ကိုယ်မုန်းလျှင် အသံကြားတောင် ရွံမုန်းမုန်းသည်။
သူများ မျက်နှာသစ်မသစ် ကျွန်တော် ဂရုမစိုက်တတ် ကိုယ့်မျက်နှာ ကိုယ်သစ်သည်။
ကိုယ်လုပ်ချင်တာလုပ်သည် ကိုယ်ဖြစ်ကိုယ်ခံသည်။
ကိုယ့်အကြောင်း အမွှန်းတင်ခြင်း အလုပ် အမုန်းဆုံး အလုပ်ဖြစ်သည်။
သူများအကြောင်း သိပ်မပြောတတ်။ မကြိုက်လျှင် တည့်ပြောသည်။
နောက်ကွယ်တွင် အတင်းပြောခြင်း ကို အသေအလဲ ရွံမုန်းသည်။
"ကျွန်တော့်ချစ်သူကို အသက်ထက် ပိုချစ်သည်။"
"ကျွန်တော့်သူငယ်ချင်းများအပေါ် လိုတာထက်ပို ခင်တွယ်မိသည်။"
"ခွဲခြားဆက်ဆံခြင်းကို အရမ်းမုန်းသည်။"
မပေါင်းခြင်လျှင် ပွင့်လင်းစွာပြောနိုင်သည်။
မကျေနပ်မှု့များ အမြင်မကြည်လင်သည်ရှိပါက
hellonyinyi@gmail.com သို့ တိုက်ရိုက်ပြောဆိုနိုင်သည်။
ဤပိုစ့်အတွက် စာကြွင်းမရှိ...........။
ယခုပိုစ့်ရေးချိန်တွင် အပူချိန် 102 .... ဆေးခွင့်နှစ်ရက်ယူထားသည်။
Subscribe to:
Post Comments (Atom)

9 comments:
ဟမ်.. ဟေ့ကောင်.. ဘာတွေဖြစ်နေတာတုန်း... နားမလည်ဘူး.. ဘယ်သူနဲ့ တင်းတာတုန်း.. ဘယ်သူနဲ့ ဖိုက်ထားတာတုန်း..
ပေါက်ကွဲ သံစဉ်တွေလား
ဟ ငါ့ညီရ
ဘယ်သူနဲ့ ဘာတွေဖြစ်သတုန်း..
မြန်မြန်နေကောင်းပါစေ
အားလုံးအဆင်ပြေပါစေကွာ..
ခင်မင်စွာဖြင့်
သီဟသစ်
ဝေး... ပေါက်ကွဲနေပါလားဗျ။
လောကကြီးကိုလား၊ဘယ်သူ့ ကိုလည်း ၊ အင်း...လောကကြီးက
ဘယ်တော့ မှ ကိုယ့် သဘောအတိုင်း မဖြစ်တတ်ပါဘူးနော်။
သူ့ သဘော အတိုင်းသူ ဖြစ်နေတာကို ကိုယ်က အသာလေး
ကြည့် နေလိုက်ရုံပါ။ မျောမသွားနဲ့  လိုက်မသွားစေနဲ့ ပေါ့ ။
သူ မှ ကိုယ်မဟုတ်ပဲ ဆိုတဲ့  စကားလေးကြားဘူးတယ်ဟုတ်...
ထန်နေတဲ့  စိတ် လေးကို သိ ပေးလိုက်ပြီး ညိမ်ညိမ်လေး
ခဏ လောက်နေပေးလိုက်။
မပေါင်းခြင်လျှင် လားးးး
မပေါင်းချင်လျှင် လားးးး
ဆရာသမားးးး
အဖျားလွန်လို့
စာလုံးပေါင်း မှားသွားတယ် နဲ့ တူတယ် ..
အဟိ ...
ဖျားမှာပေါ့ ...
East Coast မှာ ကဲ တာ ထိပ်ဆုံး ကလေ ..
ဖျားတာတောင် နည်းသေးတယ် ..>>
ပြီးတော့ ..
နင်လားးးသူများနဲ့ ဖိုက်မှာ ..
နင့် မေးလ် အကောင့် ကြေငြာချင်တာနဲ့
လျှောက်ရေးသွားတာ
မသိဘူးများ မှတ်နေလားးးး ...
ခွိ ခွိ ..
ညီ ဘာဖြစ်နေတာလဲကွ...
သဲသဲပြောသလိုပဲ မေးကြော်ငြာချင်လို့လား....
အဟဲ အစ်ကိုသိတယ်နော်...
ကျွန်တော်ချစ်သူကို အသက်ထက်ပိုချစ်တယ်တဲ့
အဲဒါပြောချင်တာ မလားး)
ညီညီရေ..
စာလာဖတ်တယ်ကွ... ဘဇာကြောင့်.. ဂလောက်ထိ.. ပေါက်ကွဲရသလဲ မေးတော့ပါဘူး..
ဖျားနေတယ်. ဂရုစိုက်ဦး.. ဘလော့ကွေး ..ကွေးတာနေမှာ..
ကျန်းမာရေး ဂရုစိုက်ပါ...ကျမကလိုချင်တာကိုယူတတ်တဲ့သူမို့ ..ချစ်သူကို အသက်ထက်ပိုချစ်တဲ့ပီတိလေးကို ရွေးပြီးခံစားသွားပါတယ်နော်...း-)
ပျော်ရွှင်ပါစေ...
ညီညီရေ...
ဘာဖြစ်နေတာလည်း ညီလေး....
နေကောင်းတယ်ဟုတ်....။ သိပ်မခံစားနဲ့ဗျာ... ဒါမျိုးတွေဖြစ်တတ်တယ်လေနော့...
ခင်မင်တဲ့
ဏီလင်းညို
Post a Comment