10 December, 2009

***အမှောင်ညရဲ့ ပျောက်ဆုံးကြယ်စင်***

အစိမ်းသက်သက် အိမ်မက်ဆိုးည.
ဖရိုဖရဲ အခန်းကျဉ်းထဲ.
ဟိုဒီပြန့်ကြဲ အလွမ်းစိတ်တွေ.
သန်းခေါင်ယံရဲ့ စီးကရက်.
ခါးသက်သက် ၀ိုင်နီ.
တစ်ဖက်ဖွင့် ပြတင်းတံခါး.
ကြိုးပြတ်နေတဲ့ ဂစ်တာအို.
သံစဉ်မဲ့ တေးသွားတစ်ပုဒ်.
ကြေမွနေတဲ့ ဒိုင်ယာရီ.
သခင်မဲ့ ကဗျာတစ်ရွက်.
ခမ်းခြောက်လုလု ကလောင် တစ်ချောင်း.
ခပ်ပြင်းပြင်း အသက်ရှုသံ.
ကျလုဆဲဆဲ မျက်ရည်တစ်စက်.
အိမ်မက်ဆိုးနဲ့ အလွမ်းညရှည်.
လင်းလှည့်စမ်းပါ ရောင်နီဦး။

                                                      ညီညီ(အနာဂါတ်သံစဉ်)

P.S - အမှန်တော့ ကျွန်တော့် လိပ်စာ အသစ်ပြောင်းပီးမှ ပိုစ့်အသစ်တွေ တင်မလို့ပါ.။ သို့သော် အိမ်အသစ်အား ပြင်ဆင်၍ မပြီးစီးနိုင်ဖြစ်နေသောကြောင့် မအောင့်နိုင်ပဲ တင်လိုက်ခြင်းဖြစ်ပါသည်.။
လာရောက်အားပေးကြသော မိတ်ဆွေများအားလုံး ကျေးဇူးတင်ရှိပါသည်။


7 comments:

ဒဏ္ဍာရီ said...

အိမ်မက်ဆိုးနဲ့ အလွမ်းညတွေ ကျော်လွန်လို့ သခင့်အနားမှာ လှပတဲ့ စုတ်ချက်တွေနဲ့ ကလောင်ကိုဆွဲ ကဗျာတွေ စပ်နိုင်ဖို့ စူးရှရှ ၀ိုင်တခွက်ကို အတူသောက်ရင်း ငြိမ့်ညောင်းတဲ့ တေးသွားတွေကို နားဆင်လို့ ခွန်အားသစ်တွေ ပြန်လည် မွေးဖွားနိုင်ပါစေ ... ကိုညီရေ...

တတ်သလောက် မှတ်သလောက် ကဗျာလေးကို ပြန်လည်ခံစားသွားပါတယ်နော်။

ခင်မင်လေးစားလျှက်

ဆောင်းနှင်းရွက် said...

ရုံးအလုပ် ကနေ ခိုးပြီး
ရေးစပ်ထားတဲ့ ကဗျာမလို့လားမသိဘူးးး ..

စပ်ထားတဲ့ ကဗျာလေးက
အရမ်း အရမ်းကို
ဘယ်လို ပြောရမလဲ .. ကောင်းတယ် လို့ ..

တောင်ပေါ်သား said...

ကဗျာလေးဖတ်ပြီး ငေါင်တောင်တောင် ဖြစ်သွားတယ် အားလုံးက ကြွေကွဲ ၀မ်းနဲစရာတွေချည်းပဲး)

လေးစားလျက်
တောင်ပေါ်သား

ညလင်းအိမ် said...

ကြယ်တွေပျောက်နေလို့လား...
အစ်ကို ခိုးသွားတာ ညီ...
ပြန်လာပေးမယ်နော်...
စိတ်မကောင်းမဖြစ်နဲ့...း)

အရမ်းခံစားရတော့တွေ သိပ်မရေးပါနဲ့ဗျာ..
ဒီက နှလုံးသားနုတယ်ဗျ...

ခံစားထားတဲ့ ကဗျာလေးကောင်းတယ်နော်...
ကာရန်လေးထပ်လိုက်ရင် ပိုကောင်းမှာ (လျှာရှည်တာ)

ခင်မင်မှုဖြင့်
ညရဲ့ကောင်းကင်

ဆန်းဝင်း said...

စိတ်တ္တစ ညများ ကုန်ဆုံး လွန်မြောက်ပါစေကွယ်... စိတ်တ္တစ.... ညများ ....ကုန်ဆုံး...အုန်း...အုန်း... လွန်မြောက်ပါစေ.......ကွယ်...

မိုးခါး said...

း))
ကောင်မလေးကို လွမ်း .. လွမ်း .. လွမ်းနေတယ် ထင်ပ :D

Ree Noe Mann said...

ကောင်မလေး ပြန်မရောက်သေးဘူးလား။

နားလည်ပါတယ်ကွာ။