အိမ်ဆိုတာ ဘာလဲ?
"သာယာမှု့တွေ ပေးစွမ်းနိုင်တယ်.။ နွေးထွေးတယ်.။ လုံခြုံမှု့ရှိတယ်.။ လူသားတိုင်းအတွက် မရှိမဖြစ် ပိုင်ဆိုင်မှု့ တစ်ခု.။"
ဝမ်းနည်းခြင်းတွေယူဆောင်လာလည်း သူလက်ခံတယ်။ ပျှော်ရွှင်ခြင်းတွေ သူ့ဆီသယ်လာလည်း သူကိုယ်တိုင်ပျော်တယ်.။
အိမ်အမျိုးမျိုးရှိတယ်။ ခိုင်ခိုင် ခံ့ခံ့နဲ့ လိုအပ်ချက်တွေ ပြီးပြည့်စုံစွာ ရနိုင်တဲ့အိမ်။ ခနော်ခနဲ့ လေတိုက်တိုင်းယိမ်းထိုးနေတယ်. လိုအပ်ချက်တွေ အများကြီးရှိနေတဲ့အိမ်.။ ဘယ်လိုအိမ်ပဲဖြစ်ဖြစ် သူ့ရင်ခွင်ထဲက သူ့မိသားစုအတွက် မိုးရွာရွာ နေပူပူ လေတွေတိုက်တိုက် မုန်တိုင်းပဲကြနေပါစေ. မိုးကြိုးတွေ လျှပ်စီးတွေ ကြားမှာ သူ့ရှိသမျှ ခွန်အားနဲ့ သူကာကွယ်မှာပဲနော်.။ သူကတော့ သူ့ရင်ခွင်ထဲက သူ့သွေးသားအားလုံးကို ချစ်မှာပါပဲ..။ ကျွန်တော်တို့အားလုံးလဲ ကိုယ့်အိမ်ကြီးကို ကိုယ်ချစ်ကြမှာပါပဲ။
ဒီအိမ်ကြီးရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဘို့ ဒီအိမ်သူအိမ်သားအားလုံးရဲ့ တာဝန်ပါပဲ.။ ဒီအိမ်ကြီး အတွင်းမှာနေကြတဲ့သူအားလုံးမှာ တာဝန်ကိုယ်စီယူကြပါတယ်။ အိမ်ကြီး ရဲ့ သန့်ရှင်းသပ်ရပ်ရေး.ကိုတာဝန်ယူရတဲ့သူကလည်း သူ့တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရပါမယ်။ အိမ်ရဲ့ လုံခြုံရေးနဲ့ အိမ်သူအိမ်သားတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့သူဟာလည်း လုံခြုံရေးအတွက် သူ့မှာ တာဝန်အပြည့်ရှိပါတယ်.။ အိမ်ရဲ့ စာနပ်ရိက္ခာနဲ့ လိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဘို့ စီးပွါးရေးတောင့်တင်းအောင်လည်း ကျွန်တော်တို့ အိမ်သူအိမ်သားများ စည်းစည်းလုံးလုံးနဲ့ တာဝန်ကိုယ်စီယူကြရပါတယ်.။
အိမ်တစ်အိမ်ရဲ့ စီးပွါးရေး ဘယ်လိုရှာကြမလဲ?..။
အိမ်မှာပဲ ရှာဖွေလို့ရတဲ့နည်းတွေအများကြီးပါ.။
ကိုယ့်အိမ်မှာ စိုက်ပျိုးရေးလုပ်ရင် စိုက်ပျိုးရေး ထုတ်ကုန်တွေ အပြင်မှာရောင်းချပြီး စီးပွါးရှာနိုင်မယ်.။
ကိုယ့်အိမ်မှာ စက်မှု့လက်မှု့လုပ်ရင် စက်မှု့လက်မှု့ ထွက်ကုန်တွေ ရောင်းချနိုင်ပါတယ်။
ကိုယ့်အိမ်မှာ သဘာဝကပေးအဖိုးတန် ပစ္စည်တွေရှိရင် အဲဒီအဖိုးတန်ပစ္စည်းတွေကနေလည်း အိမ်ရဲ့ စီးပွါးရေးတစ်ရပ် ဖြစ်ပါတယ်.။
နောက်တစ်နည်းကတော့ အိမ်သူအိမ်သားတွေဟာ အပြင်မှာထွက်အလုပ်လုပ်ရပါတယ်.။
အိမ်အပြင်ကို ထွက်ပြီးအလုပ်လုပ်နေကြသူတွေဟာလည်း ဒီအိမ်သူအိမ်သားတွေပါပဲ.။ သူတို့တွေဟာ ဒီအိမ်ကြီးရဲ့ စီးပွါးရေး ကိုတစ်စိတ်တစ်ဒေသ က ပါဝင်အားထုတ်နေကြရသူတွေပါ.။ သူတို့ဘ၀ အချိန်တွေကို သူတို့ချစ်တဲ့ အိမ်ကြီးနဲ့ဝေးရာမှာ အကုန်ခံပြီး အိမ်ရဲ့စီးပွါးရေး ကို တစ်တပ်တစ်အားဖြည့်ဆည်းပေးနေကြသူတွေပါ.။ သူတို့လုပ်အားချွေးနည်းစာနဲ့ ဒီအိမ်ကြီးရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးကြပါတယ်။
"သူတို့တွေ မောပန်းလို့ ပြန်လာတဲ့ အိမ်ပြန်ခရီးမှာ အိမ်မှာရှိတဲ့သူတွေက သူတို့ကို ဘယ်လိုကြိုလင့်သင့်ကြလဲ?.။"
အိမ်ရဲ့ ပညာရေးအဆင့်အတန်းဘယ်လိုမြှင့်တင်မလဲ?.။
ပညာရေးမြင့်မာဘို့ဆိုတာ ပညာရှာတဲ့သူတွေဟာ ပညာရှာဘို့ ပညာသင်ကြားနိုင်တဲ့နေရာကို သွားပြီး ပညာတွေသင်ကြားကြတယ်။ ဒါဟာလည်း ဒီအိမ်ကြီးမှာ အသိပညာတွေမြင့်မားဘို့ ဒီအိမ်ကြီးရဲ့ရှေ့အနာဂါတ်မှာ အိမ်ကြီးရဲ့ အဆင့်အတန်းမြင့်မာဘို့ အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ အိမ်အတွင်းမှာရှိသူတွေရဲ့ ပညာရေးအဆင့်အတန်းမြင့်မားမှသာလျှင် အိမ်တစ်အိမ်ရဲ့ အဆင့်အတန်းဟာလည်း သူများအိမ်တွေနဲ့ယှဉ်ရင် မျက်နှာမငယ်ကြရမှာပါ။
"ထိုကဲ့သို့ အပြင်ထွက်ပြီပညာရှာနေကြသူတွေရဲ့ အိမ်အပြန်ခရီးမှာရော အိမ်သူအိမ်သားတွေအနေနဲ့ ဘယ်လိုကြိုလင့်သင့်ပါသလဲ?။"
"တစ်အိမ်တည်းနေ တစ်ရေတည်းသောက် တစ်မိုးတည်းအောက်မှာ အမိတစ်ယောက်တည်းက မွေးဖွါးလာကြတဲ့ ညီအစ်ကိုမောင်နှမများ စိတ်ဓါတ်နဲ့သာ အိမ်အပြင်ကနေ မောမောပန်းပန်းနဲ့ ပြန်လာကြသူတွေကို အိမ်မှာကျန်ရစ်တဲ့သူတွေအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုကြမယ်ဆို သူတို့တွေရဲ့ ဘ၀အမောတွေ ဟာ အိမ်အ၀င်ပေါက်ဝမှာတင် အားလုံးပြေပျောက်သွားကြပါလိမ့်မယ်။"
(ခံစားမိသလိုချရေးလိုက်ခြင်းပါ။ )
လေးစားစွာဖြင့်
ညီညီ(အနာဂါတ်သံစဉ်)
18 comments:
ကောင်းလိုက်တဲ့ အိမ်အကြောင်း...
ပျောက်နေပါတယ်မှတ်တာ..
အိမ်ကိုလွမ်းနေတာကိုး...
(အိမ်ကိုလွမ်းတာရောဟုတ်ရဲ့လားမသိဘူး... အဟီး)
အားလုံးပဲ တချိန်ချိန်မှာတော့ ပြီးပြည့်စုံနဲ့အိမ်ကြီးမှာ
ပျော်ရွှင်ကြမှာပါ..
ခုအချိန်မှာတော့ ... အိမ်ကြီးအတွက်ဆိုပြီးပေါ့...
ဆက်လှမ်းကြအုန်းစို့...
ခင်မင်လျက်
ညရဲ့ကောင်းကင်
အိမ်ကိုလွမ်းရင်းနဲ့ .......ကောင်မလေးကိုပါလွမ်းနေတာဖြစ်မယ်နော်။
ဖတ်လို့ကောင်းတယ် ညီ
ကိုရီနို
ကိုညီရေ ..... စာတွေမဖတ်ရတာ ကြာလို့ အခုတွေ့တွေ့ချင်း လာခဲ့တာ။
အိမ်ကို ပိုလွမ်းသွားတယ် ကိုညီ။ ဟုတ်တယ်နော် လောကဓံရဲ့ အလှည့်အပြောင်းတွေနဲ့ မောပန်းနွမ်းနယ်မှုတွေကို အိမ်လေးက နွေးထွေးစွာ ကြိုဆိုခဲ့ရင် ကိုညီပြောသလို အားလုံးပြေပျောက်သွားမှာပါ။ ကိုညီ့စာလေးတွေ ဖတ်ပြီး အိမ်ပြန်ချိန်လေးကို သတိရနေမိတယ်။ တနေ့နေ့ပေါ့ ကိုညီရယ် ...
ခင်မင်လေးစားလျှက်
ညီရေ...
အိမ်ကလေး လာလည်သွားပါတယ်နော်
ပိုလွမ်း အောင် လုပ်တယ် နော် ...။
ကိုယ်နေထိုင်တဲ့
အိမ် လေးလောက်
အေးချမ်းမှု့၊
စိတ်ချမ်းသာမှု့ ပေးနိုင်တာ မရှိပါဘူးးး..
နေ့တွေပြောင်းလာလည်း မပြောင်းလဲတာတစ်ခုပါပဲ... အိမ်ကိုပြန်ချင်တဲ့စိတ်ပေါ့... မနက်တိုင်းတေွးမိတယ်...
ငါဘာလို အိမ်ရိပ်ကထွက်လာမိလဲဆိုတာ... ကမ္ဘာအကြီးမှားဆုံး အပြစ်တစ်ခုကိုကျူးလွန်မိသလိုပဲ...
ခံစားနေရတယ်... သီချင်းလေးနဲ့ဆိုပိုခံစားလို့ကောင်းမှာ... "http://www.minahnarmhar.com/2009/09/let-me-go-hom.html#links" နားထောင်ကြည့်ပါ... အိမ်ကိုလွမ်းရင်နားထောင်နေကြ... ဘ၀တူတွေကို မျှဝေလိုက်ပါတယ်....
ဆော်ရီးဗျာ...သီချင်းမရတော့လို့... driect link ပဲပေးလိုက်တော့မယ်....
"http://www.youtube.com/watch?v=bs3PoZoJIXc"...
ငါတို့ ၂ ယောက်လိုက်ပါတယ်နော်... တယောက်က အီး တစ်ယောက်က အိမ်.. ကဲ..မင်းကို အိမ်မဟာဘွဲ့ပေးလိုက်ပြီ.. ညီညီ...း)
အိမ်အကြောင်းလေး ဖတ်သွားပါတယ်... လွမ်းသွားတယ်ဗျာ တကယ်တော့ အိမ်ဆိုတာ လူသားတိုင်းမှာ မရှိမဖြစ် လိုအပ်နေတဲ့ အရာလေးပါ
လေးစားလျက်
တောင်ပေါ်သား
ကျွန်တော့် ရဲ့  အိမ်ကတော့  ကျွန်တော်တို့ မြန်မာရွှေပြည်ကြီး
ပါပဲဗျာ။ မိသားစု ကိုပစ်ပြီး ဘယ်တော့ မှ မပည့် စုံနိုင်တော့ 
တဲ့ အိုးကြီးကို ရှာဖြည့် နေရတော့  ဘယ်တော့ အိမ်ပြန်ချိန်ဆို
တာ မှန်းလို့ မရအောင် အမြဲမှုံဝါးနေရပါတယ်။ အနေကြာလာလို့ 
နာလာတာကြောင့်  နိုင်ငံရဲ့ အရေးများကို ပြောထွက်လာမိတာ
ကြောင့်  တကယ်ကြိုလာမဲ့ ကားပြာများကိုလည်း မျှော်မိရ
ပါကြောင်းလို့ .....။
*******************************
ညရဲ့ကောင်းကင် said...>>>
အစ်ကိုရေ. အိမ်ကိုတစ်ကယ်လွမ်းနေတာဗျ..။ ပျောက်နေတာမဟုတ်ပါဘူး အစ်ကိုရေ မပေါ်နိုင်သေးလို့ ငုံ့နေတာပါခင်ဗျာ.:)။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
reenoemann said... >>>
ကိုကြီးရီနိုရေ နှစ်ခုလုံးကို လွမ်းနေတာဗျ ..။ ခွင့်ရက်ကလည်းနီးလာပြီ ...ပြန်ရဘို့ နီးကပ်လာလေ ရင်ခုန်လေဖြစ်နေသဗျ . ဟီး :)။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒဏ္ဍာရီ said... >>>
အစ်ကို ဒဏ္ဍာရီ ရေ အိမ်ပြန်လမ်းမှာ သာယာမှု့ရှိခြင်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုတွေကြုံဆုံရဦးမယ်ဆိုတာ မသိဘူးလေ..။ ကြုံခဲ့ရသူတွေပြောသလို ကသိကအောက်တွေ ဖြစ်ရင်တော့ စိတ်တိုဒေါသထွက်ရဦးမယ်ထင်ပါ့ဗျာ.။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မချစ်ရ said.. >>>
မမ "မချစ်ရ" ခင်ဗျ.။ အိမ်လည်လာတာကျေးဇူးတင်ပါတယ်ခင်ဗျာ.။ နောက်လည်းလာလည်ပါဦးခင်ဗျ.။ အခွန်ကင်းရှင်းကြောင်း စာရွက် ပြစရာ မလိုပါဘူးခင်ဗျ. :) .။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆောင်းနှင်းရွက် said... >>>
သယ်ရင်းရေ. အိမ်ကြီးအတွက်စာများများ သင်ထားနော်.။ သူတို့က သယ်ရင်းကို နွေးနွေးထွေထွေ ကြိုဆိုကြမှာပါ
ကိုယ့်အိမ်ကြီး အကျိုးကို သယ်ပိုးမဲ့ မျိုးဆက်သစ် လူငယ်တစ်ယောက်အနေနဲ့ပေါ့ဟယ်. နော် :)။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မင်းကိုချစ်တဲ့သူ" said... >>>
ညီလေးရေ.. သီချင်းလေးနဲ့ ခံစားမှု့မျှဝေပေးတာကျေးဇူးပါကွာ..။ သီချင်းလေး နားထောင်းပြီး ပိုပြီး ခံစားချက်ပြင်းလာတယ်..။
အိမ်ကြီးနဲ့ဝေးရာထွက်ခဲ့မိတာ နောင်တရသလိုဖြစ်ပေးမဲ့ တို့အိမ်ကြီးကောင်းစားဘို့လို့တွေးပြီးဖြေပေါ့ညီရယ်။
အရာရာအောင်မြင်ပါစေ ညီရေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂျပန်ကောင်လေး said... >>>
အီးမဟာဘွဲ့ရရဲ့ သယ်ရင်း အိမ်မဟာဘွဲ့ရ ပေါ့ ကောင်းပါ့ကွာ.။ ဒါပဲနော် သယ်ရင်း ငါ့အိမ်ထဲမှာတော့ အီးအီး ပါမချရဘူး... :)။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တောင်ပေါ်သား said... >>>
အစ်ကိုတောင်ပေါ်ရေ. လူတိုင်မရှိမဖြစ်အိမ်လေးကို ကိုယ်တိုင်ပါဝင် ဖန်တီး ထုဆစ်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲနော်.။ ကိုယ့်လုပ်အားတွေပေးပြီး ကိုယ်မကြိုက်တဲ့ ပုံစံ ထုဆစ်နေတာမြင်ရတာ တော်တော် စိတ်ထိခိုက်လာတယ်ဗျာ.။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ahphyulay said... >>>
အဖြူလေးရေ ကျွန်တော်လည်း တစ်ခါတစ်လေ ကာအပြာလေးပဲစီးချင်စိတ် ပေါက်လာတယ်.။ လူတိုင်းစီးခွင့်ရတာ ဟုတ်ဘူးလေဗျ နော် :)။ ကိုယ့်အိမ်ကြီး ကောင်းစားဘို့ လုပ်သူတွေမှ စီးခွင့်ရတဲ့ အခွင့်အရေး ထူးတစ်ရပ်ပေါ့.။ အဖေါ်လေးပါရင်တော့ အကောင်းသားဗျ.။ အခုချိန်မှာတော့ ကိုယ့်အိုးကို ပြည့်အောင်ဖြည့်ရင်း ကားပြာကို ကွေ့ရှောင်ရဦးမှာပေါ့ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်... ( အသံထွက်ကလေးမှာတင် အလွမ်းနဲ့နင့်သွားခဲ့တယ်...)
ထပ်ပြီး လာလွမ်းသွားတယ်။
ခွင့်က ဘယ်တော့ ပြန်မှာလဲကွ။
ရင်ခုန်စွာနဲ့ မေးတယ်လို့မှတ် ဟုတ်ပြီလား။
ခင်တဲ့ ကိုရီနို
အခုမှ ပြေးလာပြီးဖတ်ရတာ...။
အိမ်ဆိုလို့...။
ဖတ်ပြီးတော့...ကျွန်တော့်ရဲ့ အမြဲစိမ်းတောလေးကို..ထပ်လွမ်းသွားရပြန်တယ်ဗျာ...။
ပျော်ရွှင်ပါစေဗျ....
ခင်တဲ့...
ဏီလင်းညို
ညီရေ.. ပိုစ် အသစ် လာဖတ်တယ်..
လေးနက်တဲ့အတွေးတွေနဲ့.. စေတနာနဲ့ကြည့်တဲ့ အမြင်လေးတွေ... ပုံဖေါ်ကောင်းညီ..
ပို့စ်ကိုဖတ်ပီး.. တွေးလိုရသမျှ..ဖြန့်ကျက်တွေးမိပါတယ်.. အဝေးကနေ အလွမ်းတွေနဲ့ အပြေးပြန်လာတဲ့အခါ ပွေ့ဖက်ဆီးကြို မှုတွေ ရကြပါစေ..
ဆန်းဝင်း (ကျောက်ပန်းတောင်း)
အိမ်အကြောင်း ဖတ်ရတော့လည်း အိမ်ကို လွမ်းတာပေါ့ ... အိမ်မှာ အတည်တကျ မနေရတာလည်း ကြာပြီပဲလေ...
လွမ်းရတဲ့ အိမ် ပါလား ညီညီရေ..
တို့မြန်မာပြည်ကြီးကတော့ နွေးနွေးထွေးထွေး ကြိုချင်မှာပါ..
ခင်မင်စွာဖြင့်
သီဟသစ်
ထပ်တူခံစားသွားပါတယ် ကိုညီ...
တချိန်ချိန်မတော့ သူများအိမ်တွေ နဲ့ အပြိုင် ရပ်တည်နိုင်ပါစေလို့ ပဲ မျှော်လင့်ပါတယ်။ မျှော်လင့်ချက်တွေသာ အရည်ပျော်သွားအောင် အိမ်မှာ ကျန်နေခဲ့တဲ့သူတွေ မလုပ်ကြပါနဲ့ လို့ ။
Post a Comment