အာဂ မြန်မာအမျိုးသမီးပါပဲ။ ဘယ်အချိန် ဘယ်နေရာမှာ ဘာရည်ရွယ်ချက်နှင့် ရိုက်ကူးထားသည် မသိပါ။
ထူးဆန်းသော အပြုအမှူနှင့် အသည်းယားဖွယ် ကောင်းလှသော မြင်ကွင်းဖြစ်သောကြောင့် မျှဝေလိုသော ဆန္ဒနှင့် တင်လိုက်ခြင်းဖြစ်ပါသည်။
ဤအကြောင်းအရာအား အသေးစိတ်သိရှိသော သူများရှိပါက ပြောပြပေးစေလိုပါသည်။ မည်သည့်ရည်ရွယ် နှင့် မည်သည့်နေရာဒေသတွင် ဖြစ်သည်ကို သိချင်လှပါသည်။ သေချာသည်မှာတော့ မြန်မာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး
မြန်မာပြည်ရှိ ကျေးလတ်ဒေသ တစ်ခုခုတွင် ဖြစ်ဖွယ်ရာရှိပါသည်။
ထူးဆန်းပါပေ့ဗျာ။
ကွန်မန့် တစ်ခုကတော့ ဒီလိုပြောထားပါတယ်။
commentary is in russian.
basically this woman is some sort of priest in her village. In that village no male child was born for a very long time and it is beleived by villagers that they have angered the God (kobra) for some reason. This priest lady brought food to that kobra and had to kiss her three times to get forgiveness for her people. Interesting thing is that 2 sisters of that lady died from kobra bites. at the end the lady had her clothes covered with kobra's poison but since she was not bit, apperently survived.
မူရင်းလင့်ကတော့ ဒီနေရာ မှာကြည့်နိုင်ပါတယ်။
10 comments:
ဟုတ်တယ်ညီ ဒါ မြန်မာပြည်ကပဲ။
ဘာအတွက်လုပ်လဲတော့ မသိဘူး။
သူ့ကို ကြည့်ရတာနဲ့တင်း အသည်းယားနေပြီ။
ဟူး.......
ခင်တဲ့ ကိုရီနို
ဒါနဲ့ စကားမစပ် ဘလော့ဂ်မှာ တင်ထားတဲ့
သီးချင်းတွေကို အရမ်း အရမ်း ကြိုက်တယ်။
ဘလော့ဂ်ကိုတောင် မပိတ်ပဲ သီချင်းနားထောင်
နေမိတဲ့ အထိပဲ ညီ
ခင်တဲ့ ကိုရီနို
ကိုကြီးရီနိုရေ အားပေးတာအရမ်းကျေးဇူးတင်ပါတယ်.
ကျွန်တော့်အကြိုက်သီချင်းလေးတွေပါ။
ခင်မင်လေးစားလျှက်.
ညီညီ
ကိုညီရေ...... လာဖတ်သွားတယ်.... ရုံးမှာမို့ video နောက်မှပဲကြည့်တော့မယ်...
စာဖတ်ရတာတင် အသည်းယားနေပြီ....... :(
အင်း ထူးဆန်းပေတယ်.. ကြည့်နေတုန်းမှာ အသည်းယားတယ်။ ဘာကြောင့် ဒီလိုလုပ်လည်းဆိုတာ ကိုညီညီလိုပဲ ကျနောလည်း သိချင်ပါတယ်။ သိသူများ ပြောပြပေးပါ .......
ခင်မင်ခြင်းများနှင့်
တလနွန်
ကြည့်ပြီး
အူယားတယ် ဟယ် ..>>>
နင် ပဲ ကြံကြံဖန်ဖန် ရှာတွေ့တတ်တယ် ..
အဲ့ဒါ
မြန်မာ အမျိုးသမီး နော် ..
ကြည့်ပြီး
ဘာလို့
အဲ့လို လုပ်ရတာလည်း ဆိုတာ
သိချင်တယ် ..
ကြောက်စရာကြီးကိုညီညီရေ
ကြည့်ချင်လွန်းလို့စောင့်ကြည့်နေရတယ်
ကွန်နက်ကိုအသဲယားစရာကောင်းပါ့..နော်
တကယ့် တောကြီးမြွေဟောက်ဗျ...
အဲဒီမိန်းမ လှုပ်ရှားပုံက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်နော်။
ကျေးဇူး
ဘာလုပ်တာလဲ ငါလည်း သိချင်နေတာ
အင်း.. လူ့လောကမှာ ဒီလို ယုံကြည်မှုတွေကတော့ အများကြီးပဲနော်.. နောက်ဆုံးမှာ နမ်းမိသွားပါတယ်.. မြွေဆိုးလေး.. ဟိဟိ.
Post a Comment