မျှောင်လင့်ခြင်းမဲ့ မိုးကောင်းကင်ထက်က
ဆောင်းညရဲ့ အိမ်မက်ရှည်တွေလို
မပီပြင် ၀ိုးတ၀ါး ငါ့အိမ်မက်လေးပျောက်လုပြီ.။
ယုံကြည်မှု့တစ်ခုအတွက် လည်း မိုက်ရဲတယ်.
မြေမြင့်မြင့်မှာလည်း မလျှောက်ချင်ဘူး..
တွဲခဲ့ဖူးတဲ့ လက်တစ်စုံသာ မြဲချင်တယ်.။
အချစ်ထက် ဦးစားပေးသင့်တာရှိခဲ့ရင်
ဦးစားပေးပြီး နင်ပြန်ခဲ့ပါ
ဒီကောင့်ရင်ခွင် အမြဲဖွင့်ထားတယ် .။
သံစဉ်ပျောက်တဲ့ အလွမ်းညတွေမှာ
နှစ်သိမ့်ရာ တေးသွားတစ်ပုဒ်
လိုလိုလားလား တောင်းတမိတယ်.။
မျှော်လင့်ခြင်းမဲ့တဲ့ မနက်ဖြန်များစွာ
ငါဘယ်လိုအင်အားမျိုးနဲ့
ကြိုလင့်ရမလဲ.။
ချိနဲ့စွာ တိုးဝှေ့လာတဲ့
လေပြည်လေးတစ်ချက်တောင်
တိုက်ခက်မလာမှတော့
အသံလာရာ မျှော်ကာမှန်းနေလည်း
ပိုင်ရှင်မှန် မဖြစ်နိုင်တာမို့
နာကျင်သမျှ ရင်ဆီးကာ ခံလိုက်တော့မယ်.
လွမ်းလို့သေသွားတဲ့ ဒီသစ်ပင်..။
*****************************
ချစ်သူတိုင်းညားကြပါစေ...ညားသူတိုင်းလည်းချစ်ကြပါစေ..
******************************
P.S ..ဓါတ်ပုံအား Google မှ ယူသုံးထားပါသည်.။
13 comments:
ကိုညီ့ ကဗျာလေး ခံစားသွားတယ်။ လွမ်းလည်း လွမ်းသွားတယ်။ ကိုညီပေးတဲ့ ဆုနဲ့ ပြည့်ချင်ပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တော့ပါဘူး။
ခင်မင်လေးစားလျှက်
လွမ်းလို့ သေသွားတဲ့ သစ်ပင်လေး ပြန်ရှင်လာပါစေနော်..
ပိုလို့တောင်လွမ်းမိပါတယ်...
တွဲဖူးတဲ့လက်တစုံတော့မြဲချင်တာ...တကယ်ပါ
ကဗျာလေးကကောင်းတယ်...
ရင်ထဲမှဗလောင်ခတ်သွားတဲ့
စာသားတွေအတွက်တော့ တာဝန်ယူရမယ်နော်...
ခင်မင်လျက်
အပီအပြင်
ခံစားရေးဖွဲ့ထားတဲ့
ကဗျာလေးကို
အားပေးသွားတယ် ..
သူရင်း ရေ ..!
ညီညီရေ
တွဲလက်လေးမြဲပါစေ
ပိုင်ရှင်မှန် ဖြစ်ပါစေ ..း)
မျက်ရည်စက်လက်နဲ့ ပြန်သွားတယ်.. ဟိဟိ... လွမ်းလွမ်း.. အသေလွမ်း.. အရှင်လွမ်း... ဟဲဟဲ
ကိုညီညီရေ... ကဗျာလေးဖတ်သွားတယ်...
အဲသလောက်တောင် လွမ်းတာပေါ့လေ....
အစ်ကို့ ဆုတောင်းပြည့်ပါစေ...
ညီရေအစစအရာရာအဆင်ပြေပါစေ..နော်
တောင်းတဲ့“ဆု”နဲ့ပြည့်ပါစေ....
ပေးတဲ့“ဆု”နဲ့ပြည့်ပါစေ..နော်...
အစဆုံးက “မျှော်လင့်ခြင်း”က “မျောင်လင့်ခြင်း”ဖြစ်နေတယ်ခင်ဗျာ...။ (မှားသွားရင် စိတ်မဆိုးပါနဲ့ခင်ဗျာ...)
အရမ်းကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါကို ခံစားပြီး ထပ်ဖတ်သွားပါတယ်......။
ညီရေ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တော့....
ခင်တဲ့ ကိုရီနို
ညီရေ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တော့....
ခင်တဲ့ ကိုရီနို
ညီရေ
တကယ်အစစ်အမှန်ကြီးတွေနဲ့ ထုဆစ်ထားတဲ့ အိမ်မက်ကလေးတွေ ပြန်လည်ရှင်သန်လာနိုင်ပါစေ...
Post a Comment