07 October, 2009

သီတင်းကျွတ်ပြီ

              ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့အတွက် အနှိုင်းမဲ့ ကျေးဇူးတော်ရှင် တန်ခိုးတော်ရှင် ဗုဒ္ဓမြတ်စွာဘုရားရှင် သည် အလွန်ထူးခြားပြီးနက်နဲလှစွာသော အဘိဓမ္မာတရားတော် (၇)ကျမ်းကို တာဝတိံ္တသာ နတ်ပြည်မှာ ၀ါတွင်းသုံးလလုံး တရားတော်များကို ဟောကြားတော်မူပြီး လူ့ပြည်ကို ဆင်းသက်လာသောနေ့သည် ယနေ့ သီတင်းကျွတ်လပြည့်နေ့ပဲဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် တို့အတွက် နေ့ထူးနေ့မြတ် တစ်ရက် အဖြစ်သတ်မှတ်ထားပြီး နှစ်စဉ်နှစ်တိုင်း ဤနေ့ ရောက်လျှင် မြတ်စွာဘုရားရှင်အား ကြိုဆိုသောအားဖြင့် ဆီမီးများထိန်ထိန်ညီအောင်ထွန်း၍ ကြိုဆိုကြပါသည်။ ကျွန်တော်တို့လို ရေခြားမြေခြားရောက်နေသော မြန်မာအများစုလည်း လုပ်နိုင်သောအခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါသည်။ ဆီမီး ပူဇော်ခြင်းမှာ အလွန်လွယ်ကူ၍ နေရာဒေသမရွေး လုပ်ဆောင်နိုင်ပေသော်ငြားလည်း တစ်ချို့သော တရားဓမ္မ နှင့်ဝေးကွာနေသော၊ လောဘ ဒေါသ မောဟ တည်းဟူသော မြူများ ဖုံးလွှမ်းနေသူတို့သာလျှင် မေ့လျော့ကောင်းလျော့မည်ဟုထင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ဤနေ့သို့ရောက်လျင် အိမ်ရှိလူကြီးတစ်ယောက်ယောက်က မမေ့မလျော့ပဲ ညအချိန်တွင် ဆီမီးများထွန်းနိုင်ရန် ကြိုတင်ပြင်ဆင်ပေးထားပါသည်။ ကျွန်တော်တို့ကလေးများမှာတော့ မီးထွန်းရင် ဆော့ချင်စိတ်ကသာ ပို၍သာမည်ထင်ပါသည်။ ယခု အသက်အရွယ်ရလာ၍ အသိတရားများနှင့် လူ့လောက တစ်ထောင့်တစ်နေရာတွင် လှုပ်ရှားရုန်းကန် နေနိုင်သောအချိန်အခါတွင်လည်း ကိုယ့်မြေကိုယ့်ရေ မဟုတ်သည့်တိုင်အောင် ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ၏ ထုံးတမ်းစဉ်လာများဖြစ်သော ဘာသာရေးပွဲတော်များကို တတ်စွမ်းနိုင်သလောက် ပါဝင်ချင်ကြပါသည်။ မည်သို့ပင်ဖြစ်စေ ဤနေ့ဤရက် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း ကုသိုလ်ကောင်းမှု့များ ကိုလုပ်၍ ဥပုဒ်သီတင်းသီလ စောင့်နိုင်သောသူ၊ ဥပုဒ်စောင့်နိုင်ရန် အခွင့်အရေးပေးသူများက စောင့်ကြ၍ မိမိစိတ်ကို ဖြူစင်ကြယ်အောင်ကြိုးစားအားထုတ်ကြပါသည်။ ဥပုဒ်သီလ မစောင့်နိုင်သော အခြေအနေမပေးသောသူများအနေနှင့်လည်း ဗုဒ္ဓဘုရားရှင်၏ တရားတော်များနှင့် အဆိုအဆုံးမများအား မမေ့မလျှော့သောအားဖြင့် မြတ်စွာဘုရားရှင်လူ့ပြည်သို့ ပြန်လည်ကြွမြန်းလာသောအချိန်အား ကြိုဆိုသောအားဖြင့် ဆီမီးများနှင့် ပူဇော်နိုင်ကြရန် သတိပေးနိုးဆော်အပ်ပါသည်။

         ဤသီတင်းကျွတ်လပြည့်နေ့သည် နောက်တစ်နည်းအားဖြင့် ၀ါးတွင်းကာလ ကိုလွန်မြောက်သော နေ့လည်းဖြစ်ပါသည်။ မြန်မာလူမျိုးများ၏ ထုံးတမ်စဉ်လာရ ၀ါတွင်းကာလတွင် လက်ထပ်ထိမ်းမြားခြင်း ပြုလုပ်နိုင်ခွင့်မရှိပါ။ ၀ါတွင်းကာလကိုကျော်လွန်ပြီး သီတင်းကျွတ်မှသာ လက်ထပ်ထိမ်းမြားခြင်းများ ပြုလုပ်ကြပါသည်။ ထို့ကြောင့်ဝါတွင်းကာလကျော်လွန်အောင်စောင့်မျှော်နေကြသော လက်ထပ်ရန် ရည်ရွယ်ထားကြသော ချစ်သူစုံတွဲများလည်း ပျော်ရွှင်သော၊ သာယာသော ကျက်သရေအပေါင်းနှင့်ပြီးပြည့်စုံသော နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့ လေးဖြစ်ပါစေလို့ သူငယ်ချင်းအပေါင်းအသင်းများနှင့်မိတ်ဆွေ များအား ဆုတောင်းရင်း ဒီပို့စ်လေးကို တင်လိုက်ပါသည်။











3 comments:

Waing said...

မြန်မာတွေရဲ့ ရိုးရာဓလေ့ထုံးစံအရ ဆီမီးတွေနဲ့ ဘုရားကို ပူဇော်ခြင်း၊ သက်ကြီးရွယ်အိုတွေကို ၀န်ချ တောင်းပန်ကန်တော့ခြင်း၊ အခုလို သီတင်းကျွတ်ရာသီရောက်မှသာ လက်ထပ်မင်္ဂလာအခမ်းအနားတွေ ကျင်းပခြင်း စတာတွေဟာ ချစ်စရာ့ မြန်မာဓလေ့တွေပါ။ နှစ်စဉ်နှစ်တိုင်း အခုလို နေ့ထူးနေ့မြတ် သီတင်းကျွတ်လပြည့်နေ့မှာ မကောင်းမှုမှန်သမျှ ရှောင်ရှားနိုင်ပြီး ပျော်ရွှင်မှုအပေါင်းနဲ့ ပြီးပြည့်စုံနိုင်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

kaungkinpyar said...

မမ သတင်းကျွတ် အကြောင်းလေး လာဖတ်သွားတယ် ညီညီ..

မိုးခါး said...

သီတင်းတောင် ကျွတ်သွားပြီနော် ..း))
စားရခါနီးဘီလား .. :P